Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

KIA ဌာနချုပ်နယ်မြေ ကို စစ်ကောင်စီတပ် လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Share this News:

◼ လက်နက်ကြီးများ ကျေးရွာများ အနီးကျရောက်နေ၍ ဒေသခံများစိုးရိမ်နေရ

စစ်ကောင်စီ တပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် နယ်မြေကို ယခုရက်ပိုင်းအတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ခပ် စိတ်စိတ် လုပ်ဆောင်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KIA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး ၊ လေကြောင်း တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက် အရပ်သားများရှိရာ ကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုတွေရှိနေတဲ့အတွက် ဒေသခံများ စိုးရိမ်နေကြရကြောင်း KIA သတင်းပြန်ကြား ရေးဌာနက အသိပေးထုတ်ပြန်ထားတာပါ။

PHOTO – CRD

ထုတ်ပြန်ချက်မှာ ဒီဇင်ဘာ (၁၇) ရက်မှ (၂၀) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း ၊ လက်နက်ကြီး နဲ့ ပစ်ခတ်ခြင်းစတဲ့ အခြေအနေတွေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၀ရက် တွင် မန္တလေးမြို့ တံတားဦး လေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် KIA ဌာနချုပ်နယ်မြေရှိ ကျေးရွာ အနီးကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

ဒီဇင်ဘာ ၁၉ရက်တွင်လည်း ခါရာဘွမ် နှင့် ဘွမ်ရယ်ဘွမ်တွင်တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ မုန်လိုင်ခတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ (၁၇) ရက် မနက် ၁နာရီခန့် က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ KIA ဌာနချုပ် နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ် အဲဒီတိုက်ခိုက်မှုမှာ လူထိခိုက်မှု မရှိခဲ့ပါဘူး။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
207
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
331
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။