Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မန္တလေး မြို့ပြပျောက်ကျားများ ရဲစခန်းအပါအ၀င် နေရာ ၂ ခုကို ဗုံးပစ်တိုက်ခိုက်

Share this News:

◾မြနန္ဒာစစ်ဆင်ရေးအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ဟာ မြနန္ဒာစစ်ဆင်ရေးအနေနဲ့ ဒီဇင်ဘာ (၂၁) ရက်မွန်းလွဲ ၂ နာရီခန့်ကစကစ လက်အောက်ခံ နေရာ(၂)ခုကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံးတ​ဦးသေ ဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များက ထုတ်ပြန်ထားပါတယ်။

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ်ဓမ္မာရုံ ကင်းတဲ နဲ့၁၃၅ လမ်းနှင့် ၅၈ လမ်းထောင့်ရှိ စက်မှုရဲစခန်းတို့ကို ဗုံးပစ်တိုက် ခိုက်ခဲ့ရာ တဦးသေဆုံးပြီး ရဲစခန်းဘက်မှ ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့ တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတို့ကို မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားများပူးပေါင်းပြီး မြနန္ဒာ စစ်ဆင်ရေး(မန္တလေး)အဖြစ်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့စစ်ဆင်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးဗျူရို က သတင်းထုတ်ပြန်ထားတာပါ။

မန္တလေးမြို့မှာ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက အမျိုးသားရေး အစွန်းရောက် သဃန်းဝတ် ဦးဝီရသူ ဦးဆောင်ပြီး ပြည်ခိုင်ဖြိုးပါတီ ၀င်များနှင့် ပျူစောထီးများပူးပေါင်းကာ NUG ၊ CRPH နှင့် PDF ကိုရှုတ်ချပြီး အာဏာသိမ်းစစ်တပ်ထောက် ခံပွဲပြုလုပ်ခဲ့သည်။

အဲဒီထောက်ခံပွဲပြုလုပ်တုန်းမှာပဲ စစ်ကောင်စီ၏နေရာနှစ်ခု ဗုံးပစ်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

337
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။