Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

နှစ်ပေါင်း ၇၄ နှစ်အတွင်း မြန်မာ့အရေးပထမဆုံး ဆုံးဖြတ်ချက်(Resolution) ကုလလုံခြုံရေးကောင်စီချမှတ်

Share this News:

◾ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးရေး
မြန်မာ့အရေး ပထမဆုံး ဆုံးဖြတ်ချက်ကို ကုလချမှတ်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးရေးနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရေးစတဲ့ အချက်တွေပါဝင်တဲ့မြန်မာ့အရေးပထမဆုံး ဆုံးဖြတ်ချက် (Resolution) ကိုကုလလုံခြုံရေးကောင်စီချမှတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၇၄ နှစ်အတွင်း မြန်မာ့အရေး အပေါ် ကုလသမဂ္ဂရဲ့ ပထမဆုံးဆုံးဖြတ်ချက်လည်းဖြစ်နေပါတယ်။

ဒီဇင်ဘာ ၂၁ ရက် ယမန်နေ့က ချမှတ်လိုက်တာပါ။

“ဒီနေ့ စစ်တပ် သံသယရှိစရာမလိုတဲ့ ခိုင်မာတဲ့သတင်းစကားကို ကျွန်မတို့ ပေးနိုင်ခဲ့ပါပြီ။ ဒီဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဗြိတိန်သံအမတ်ကြီး Barbara Woodward က ၎င်းတို့တင်သွင်းတဲ့အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ်အပြီးတွင် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူမက “ကျွန်မတို့ဟာ မြန်မာပြည်သူတွေကို သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ ဆန္ဒတွေ၊ အကျိုးစီးပွားတွေနဲ့အညီ တိုးတက်မှုရှာဖွေပေးနေတယ်ဆိုတဲ့ ရှင်းလင်းတဲ့သတင်းစကားကို ပေးနိုင်ခဲ့ပါပြီ”ဟု Woodward က အဖွဲ့ ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီကို ပြောကြားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပစဉ်။

မြန်မာ့အကျပ်အတည်းကို မည်သို့ဖြေရှင်းရန်အပေါ် သဘောကွဲလေ့ရှိသော တရုတ်နှင့် ရုရှားက ယခုတစ်ကြိမ်တွင် အိန္ဒိယနှင့်အတူ ကြားနေ(မဲမပေးဘဲ)ခဲ့​ပြီးကျန် အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက် ထွက်ပေါ်လာဖို့အတွက် အဆိုမူကြမ်းကို ပြီးခဲ့သည့် စက်တင်ဘာကတည်းက လုံခြုံရေးကောင်စီမှာ စတင်ညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ယခုအတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်မှာ စစ်တပ်က အာဏာသိမ်းကာ အရေးပေါ်ကာလ ဆက်လက်ကြေညာထားမှုနှင့် မြန်မာပြည်သူများအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိနေခြင်းတို့ကိုလွန်စွာစိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံက သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဥ်ကို လက်တွေ့ကျကျ၊​ ချက်ခြင်းလုပ်ဆောင်များ အကောင်အထည်ဖော်လုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်။

မြန်မာပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဒီမိုကရက်တစ်အဖွဲ့အစည်းများနှင့် လုပ်ငန်းစဥ်များကို လုပ်ဆောင်ရန် တောင်းဆိုထားတာပါ။

လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနှင့်ပတ်သက်တဲ့ ပထမဆုံးဆုံးဖြတ်ချက်မှာ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကဖြစ်ပြီး
ထိုစဥ်က မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့ခြင်းဖြစ်ပါတယ်။

ကိုးကား – Reuters

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။