◾ယခုထက်ပိုမိုအားကောင်းတာတွေလုပ်ဆောင်ကြဖို့ နိုင်ငံတကာကို တိုက်တွန်း
ဒီဇင်ဘာ (၂၁) ရက်က ပြုလုပ်ခဲ့တဲ့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံး လွှတ်ရန် ၊ စစ်တပ်က ကျူးလွန် နေသော အကြမ်းဖက်မှုများ ကို ရပ်တန့်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ပထမဆုံးသောခြေလှမ်းဖြစ်ပြီး နိုင်ငံတကာအနေနဲ့
ဒီထက်ပိုပြီး အားကောင်းတဲ့ လုပ်ဆောင်မှုတွေလုပ်ဆောင် လာဖို့ မျှော်လင့်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်သူမရှိဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်။
ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ပထမဆုံးသော ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။
ကုလရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ပိုမိုအားကောင်းလာတွေ လုပ်ဆောင်လာဖို့ နိုင်ငံတကာကို သံအမတ်ကြီးဦးကျော်မိုးထွန်း က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်သူမရှိဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်လိုက်ပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ခုလိုပြောဆိုလိုက်တာပါ။
ဒါ့အပြင်သံအမတ်ကြီးက” မြန်မာနိုင်ရဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံးကို မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီး မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းအားပေးကြဖို့ တိုက်တွန်းလိုပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အဓိကအချက်တစ်ခုအနေနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင် ထားတဲ့ အကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့စစ်တပ်ကို တောင်းဆိုကြောင်း ပါဝင်ပါတယ်။
အခုအတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ် ချက်အဆိုမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ တရားဥပဒေစိုးမိုးရေးဖော်ဆောင်ဖို့ လိုအပ်ကြောင်းကိုလဲ မီးမောင်း ထိုးပြထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း ထိထိရောက်ရောက်လျင်မြန်စွာ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ အကောင်အထည် ဖော်မှုလုပ်ငန်းစဉ် အတွက် ကုလသမဂ္ဂက ထောက်ပံ့ပေးနိုင်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီထံ နှုတ်နဲ့ အစီရင်ခံတင်ပြဖို့ကိုလဲ ထည့်သွင်း တောင်းဆိုထားပါသေးတယ်။