အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနထောက်ထားရေးနဲ့ ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန က ၂၀၂၂ နိုဝင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီတွေအတွက် ငွေကျပ်သန်း ၃၄၀ ကျော် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ (၂၁) ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်မှု တွေကို ခံစားနေရတဲ့ ပြည်သူတွေ ၊ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေ ၊ တော်လှန်ရေးအတွက်ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက်ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေ ၊ မသန်စွမ်းပြည်သူတွေ ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လူသားချင်းစာနာမှု အကူအညီလိုအပ်သူတွေကို ပံ့ပိုးကူညီနိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကေင်စီ မီးရှို့လို့ပျက်စီးခဲ့ရတဲ့ နေရာဒေသတွေမှာလည်း ယာယီ နေထိုင်ဖို့ နေအိမ်တွေပြန်လည်တည်ဆောက်ပေးခြင်းနဲ့ ကျောင်းတွေမှာယာယီဗုံးခိုကျင်း ဆောက်လုပ်ပေးတဲ့အစီအမံတွေကိုလည်း အကောင်ထည်ဖော်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ရဲ့ အန္တာရယ်တွေနဲ့ ပတ်သက်ပြီးတော့ လည်း အသိပညာပေးလက်ကမ်းစာစောသ်တွေဖြန့်ဝေခြင်းနဲ့ လေကြောင်း ရန် အန္တာရယ်ကာကွယ်ရေး အတွက်ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။