Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ကော့ကရိတ် တွင်တိုက်ပွဲပြင်းထန်

Share this News:

◼စစ်တပ်ဘက်မှ ဗိုလ်ကြီး အဆင့်များပါ ကျဆုံးလျက်ရှိနေ

ဒီကနေ့ ဒီဇင်ဘာ (၂၂) ရက် မနက် ၄ နာရီခွဲ အချိန်က ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီ တပ်နဲ့ KNLA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဒီနေ့ မနက်ပိုင်း ၈:၄၈ မိနစ်က အကြမ်းဖက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်
ခဲ့တဲ့အပြင် အင်အားသုံး စစ်ကြောင်းထိုးကာ ကော့နွဲ့ရွာထဲ ရောက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မနက် ၉:၁၇ မိနစ်မှာ KNLA၊ PDF ဒေါနစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ Federal Wings စတဲ့ ပူပေါင်း တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ်လို့သိရပါတယ်။

နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ်ကြီး အဆင့်ရှိသူ(၁)ဦး အပါအဝင် စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့တယ်လို့သိရပါတယ်။

ပူးပေါင်းတပ်ဖွဲ့က ရဲဘော် (၁) ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရွာ တွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံများရဲ့ နွား (၁၀)ကောင်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ မနက် ပိုင်း ၅ နာရီ အချိန်ကလည်း လေယာဉ် ၂ စီးနဲ့ ဗုံးကြဲချခဲ့ပါသေးတယ်။ ဒါပေမယ့် ပူးပေါင်းအဖွဲ့ကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။