Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စစ်အုပ်စုက ကန့်ဘလူနယ်ရှိ ဒေသခံငါးဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီး ၊ သုံးဦးကို သတ်ဖြတ်ကာ ရွာကိုမီးတင်ရှို့ခဲ့

Share this News:

◼ဖမ်းဆီးခံ အမျိုးသမီး နှစ်ဦးပျောက်ဆုံးလျက်ရှိ

စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ (၃၆၈) နဲ့ ပျူ အဖွဲ့တွေဟာ ဒီဇင်ဘာ (၁၇) ရက်က ကန့်ဘလူ နယ်ထဲကဂါးဂလော် ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဒီနေ့ ဒီဇင်ဘာ (၂၃) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဂါးဂလော်ကျေးရွာသို့ ဝင်ရောက်အကြမ်းဖက်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ယင်းအနက် သုံးဦးကို သတ်ဖြတ်သွားခဲ့ပါတယ်။

အင်အား ရာကျော်ပါဝင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ဂါးဂလော်ရွာကို မီးတင်ရှို့ခဲ့တဲ့အတွက် ဒေသခံပြည်သူ တွေရဲ့ နေအိမ် ၂၃ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။

စစ်အုပ်စု ဖမ်းဆီးသွားတဲ့အထဲက အမျိုးသားတဦးကို နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အတူ သေဆုံးနေတာကိုတွေ့ရှိရပြီး ကျန်အမျိုးသားနှစ်ဦးကိုတော့ မီးရှို့သတ်ဖြတ်ထားတယ်လို့ယူဆရတဲ့ မီးလောင်ပြာကျ ထားတဲ့ အရိုးစုနှစ်ခုအဖြစ်သာ တွေ့ရှိခဲ့ရတယ်လို့ အသိပေး ထုတ်ပြန်ထားတာပါ။

ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှစ်ဦးကိုမူ ယခုအချိန်အထိပြန်လည်မတွေ့ရသေးပါဘူး။

ခြေမြန်တပ်ရင်း ခမရ (၃၆၈) နဲ့ ပျူ အဖွဲ့တွေဟာ လွှဲဆိပ်၊ လက်ခုပ်ကုန်းနှင့် ဘောရွာတို့ အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများကျူးလွန်ခဲ့တဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
211
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
332
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။