MNDAA ၏ တိုက်ခိုက်မှုကြောင့်သေဆုံးမှုများကာ အထိနာပြီး ဆုတ်ပြေးခဲ့ရသည့် စစ်အုပ်စုထံမှ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ The Kokang က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ က ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ၊ နမ့်ဖာတောင်အနီးမှာ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က နယ်မြေရှင်းလင်း ရေး ဆောင်ရွက်ရာမှာ လက်နက်ခဲယမ်းအများအပြားကို အခုလိုပဲ သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၈) ရက် နှင့် (၂၉) ရက် တို့က အကြမ်း ဖက်စစ်အုပ်စု နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ နန့်ဖာတောင် အနီး တိုက်ပွဲမှာ စစ်အုပ်စု ဆီကနေ သေနတ် ၁ လက်၊ ကျည်များ ၊ RPG များ၊ ကျည်များ၊ အီနီဂါများ ၊ အမြောက်ကျည်ဆန်များ အပါ အဝင် လက်နက်ခဲယမ်းများ၊ စကားပြောစက်များ ကိုလည်း သိမ်းဆည်းရခဲ့သေးတယ်လို့ သိရပါတယ်။