တန့်ဆည်နယ် အတွင်းက ဖလံချိုင်ကျေးရွာ၊ ငတန်းကျေးရွာ၊ ရွှေလှန်ကျေးရွာ၊ ကလဇင်ကျေးရွာ၊ ရွာဘုကြီးကျေးရွာနဲ့ ကြို့ထိန်းကျေးရွာ ၆ ရွာကို အကြမ်းဖက်စစ်တပ်က ၄ ရက် ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၀၀ ကျော် မီးလောင် ပျက်စီးခဲ့ရပါတယ်။
မီးရှို့ ဖျက်ဆီးရုံတင်မကဘဲ ဒေသခံတွေကိုလည်း သတ်ဖြတ်တာတွေလုပ်ဆောင်နေပါတယ်။ တပ်သစ်တောင်ရွာက ဒေသခံပြည်သူတစ်ဦးကိုလည်း အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူ တွေကို သတ်ဖြတ်တာ၊ ပစ္စည်းတွေကို အဓမ္မယူဆောင်တာ၊ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ အစရှိတဲ့ စစ်ရာဇဝတ်မှုတွေကို ပြုလုပ်နေတာပဲဖြစ်ပါတယ်။