ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီ ၄၅ မိနစ်ကပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မန္တလေး မြို့ပြပြောက်ကျား တပ်ဖွဲ့က လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ Brother Revolution Force ကထုတ်ပြန်ထားပါတယ်။
စစ်အုပ်စု လာရောက် စစ်ဆေးစဥ် မှာ ဗုံးပေါက်ကွဲခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုကို Anonymous Force Mandalay နဲ့ Brother Revolution Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မန္တလေး မြို့ပြပြောက်ကျား တပ်ဖွဲ့ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။