မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်ကို ကျော်တက်သည့် ခရီးသည်တင်ယာဉ်ကို စစ်တပ်က ပစ်ခတ်လိုက်ပါတယ်။အဲဒီလို ပစ်ခတ်တဲ့အတွက် ခရီးသည် တဦး သေဆုံးခဲ့ရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ(၂၃) ရက် ညနေ ၄ နာရီ က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးတွင် မြင်းမူမြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကားတစ်စီး ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လိုက်ပါတယ်။
အဲဒီအတွက် အခြားသော စစ်ကောင်စီယာဥ် က ဖြစ်ပွားရာနေရာကို အပြင်းမောင်းနင်ရင်း ပစ်ခတ်သွားရာ အဆိုပါယာဥ်ကို ကျော်တက်ရန်ကြိုးပမ်းတဲ့ ဟိန်းစတား ခရီးသည်တင် (အံစာတုံးကား) ကို ကျည်များထိမှန်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး ထိခိုက်သူများအား ကားအသင်းကဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ကားပေါ်ပါ ကျန်ခရီးသည်အချို့ကို ကားပြောင်းပေးခဲ့ကြောင်း ဒေသခံအချို့က ပြောကြားပါတယ်။
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ကို မကြာခဏတိုက်ခိုက်နေပြီးစစ်အုပ်စုယာဥ်တန်းနှင့်အတူပြည်သူများလိုက်ပါလာခြင်း မပြုကြရန် ဒေသကာကွယ်ရေးအဖွဲ့များ က အကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။