မန္တလေး အောင်မြေသာစံ မြို့နယ် ၂၆လမ်း နဲ့ ၈၈ လမ်းပေါ်က မြန်မာ့စီးပွားရေး ဘဏ် အမှတ် (၃) ရှေ့က လုံခြုံရေးအစောင့်ဂိတ် ကို ဒီဇင်ဘာ (၂၅) ရက် မနက် ၈ နာရီ အချိန်က ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
ပေါက်ကွဲမှု အရှိန်ပြင်းထန်ပြီး အသံကျယ်လောင်စွာ ကြားရကြောင်း လူထိခိုက်မှုအခြေအနေကို မသိရသေးကြောင်းဘဏ်အနီးနားက ဒေသခံတွေဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘယ် အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
ဒီဇင်ဘာ (၂၄) ရက် မန္တလေး ၊ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မန္တလေး မြို့ပြပြောက်ကျား တပ်ဖွဲ့က လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပါသေးတယ်။