တော်လှန် ရေးအစကာလတွင် ယောဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုအဖြစ် စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင် များအားလုံး တွေ့ဆုံပွဲကို ဒီဇင်ဘာ (၂၅)ရက် ကပြုလုပ်ခဲ့ကြပါတယ်။
လုံခြုံရေးအခြေအနေအရ ဖြန့်ခွဲနေထိုင်ကြတဲ့ တပ်ဖွဲ့ဝင်အားလုံးဟာ ပထမဆုံးအကြိမ် တစုတစည်းတည်း ဆုံတွေ့ကြတာဖြစ်တယ်လို့The Youth Force (Saw&Kyaukhtu) က သတင်းထုတ်ပြန်ထားပါတယ်။
The Youth Force (Saw&Kyaukhtu)ဟာအခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းအဖြစ်တည်ရှိနေပြီပဲဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၏ လမ်းညွှန်မှု၊ ကွပ်ကဲမှုတွေကို ခံယူပြီးစစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုင်ပွဲဝင်သွား မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။