တိုကျိုမြို့၊ ရှင်းဂျုကုရှိ တိုဆုကာ ချိအိကိ စင်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ ဂျပန်ရောက်မြန်မာများ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဗီဇာသက်တမ်းတိုးရန်အကူအညီပေးဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေတွေကို NUG ကိုယ်စားလှယ်ရုံးအဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ ထောက်ပံ့မှုလုံလောက်စွာမရသေးတာ၊ လုပ်နိုင်စွမ်းအကန့်အသတ်များ ရှိနေတာတွေကြောင့် ပတ်စ်ပို့သက်တမ်းတိုးတာလိုမျိုးကိစ္စတွေကိုတော့ လက်ရှိမှာ ဆောင်ရွက်မပေးနိုင်သေးတဲ့အပေါ် ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။