ကော့ကရိတ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပါတယ်။
အဲဒီတိုက်ပွဲတွေဟာ အခုဆိုရင် ရက်သတ္တပတ် တပတ်ကျော်ထဲကို ရောက်လာနေပြီ ဖြစ်ပါတယ်။
တိုက်ပွဲတွေ စိတ်လာတာနဲ့ အမျှ စစ်ဘေးရှောင်တွေလည်းများပြားနေပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့နွဲ့ ကျေးရွာ အနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲဟာ အပြင်းထန်ဆုံး ဖြစ်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေကို အသုံးပြုတိုက်ခိုက်နေတာဖြစ်ပါတယ်။





စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအခြေအနေအရ ကော့နွဲ့ကျေးရွာ အုပ်စုက အိမ်ခြေပေါင်း (၈၀၀) ကျော်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကျေးရွာထဲက အိမ်မွေး တိရစ္ဆာန် ကျွဲ ၊ နွားတွေလည်း လက်နက်ကြီးထိမှန် ခြင်း မီးရှို့ခံရခြင်းတို့ကြောင့် သေဆုံးကုန်ကြပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။
ကော့ကရိတ်မြို့နယ်အနီး တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က အရာရှိတွေ အပါအဝင် စစ်သား အများအပြား သေဆုံးထိခိုက်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှု အချို့ရှိပေမဲ့ အတိအကျ မသိရသေးပါဘူး။