Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ကော့ကရိတ်မြို့နယ်အနီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိပြီး အိမ်ထောင်စု ၈၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်နေရ

Share this News:

ကော့ကရိတ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပါတယ်။

အဲဒီတိုက်ပွဲတွေဟာ အခုဆိုရင် ရက်သတ္တပတ် တပတ်ကျော်ထဲကို ရောက်လာနေပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေ စိတ်လာတာနဲ့ အမျှ စစ်ဘေးရှောင်တွေလည်းများပြားနေပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့နွဲ့ ကျေးရွာ အနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲဟာ အပြင်းထန်ဆုံး ဖြစ်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေကို အသုံးပြုတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိအခြေအနေအရ ကော့နွဲ့ကျေးရွာ အုပ်စုက အိမ်ခြေပေါင်း (၈၀၀) ကျော်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကျေးရွာထဲက အိမ်မွေး တိရစ္ဆာန် ကျွဲ ၊ နွားတွေလည်း လက်နက်ကြီးထိမှန် ခြင်း မီးရှို့ခံရခြင်းတို့ကြောင့် သေဆုံးကုန်ကြပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။

ကော့ကရိတ်မြို့နယ်အနီး တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က အရာရှိတွေ အပါအဝင် စစ်သား အများအပြား သေဆုံးထိခိုက်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှု အချို့ရှိပေမဲ့ အတိအကျ မသိရသေးပါဘူး။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။