◼ NUG အစိုးရ စာသင်ကျောင်းမတက်ရန်ကိုလည်း ဒေသခံများကို ဖိအားပေးခြိမ်းခြောက်နေ
မြောင်တွင် အကြမ်းဖက်စစ်တပ် က ဗျူဟာပြောင်းပြီး ညဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက သတိပေးထုတ်ပြန်ထားပါတယ်။
အဲဒီလို ညဘက်ကို စစ်ကြောင်းထိုးတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ အထူး သတိပြု နေထိုင်ကြဖို့ မြောင် (ပ.က.ဖ) က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ နေ့ဘက်တိုက်ပွဲတွေမှာ သူတို့ တပ်တွေအထိနာတာများလာတဲ့အတွက် ဗျူဟာပြောင်းကာညဘက်ကို စစ်ကြောင်းထိုး လာကြတာဖြစ်ပါတယ်။
စစ်ဘေးရှောင်များ အထူးသတိထားရမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်တပ်က သူတို့ကို မိုင်းဆွဲတိုက်မယ့် သူတွေလို့ ထင်ပြီး ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်နိုင်သည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များ အထူးသတိပေးချက်ထုတ်ပြန်ထားရတာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်သည်အမျိုးသားညီညွတ်ရေးအစိုးရ၏ စာသင်ကျောင်းများ၌ကျောင်းမတက်ကြရန်လည်း မြောင်မြို့ပေါ်တွင် လိုက်လံစည်းရုံးနေကြောင်း ဒေသခံများထံကသိရသည်။