ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၆ နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မယ့်လက်နက်များအနက် အလက် ၅၀ ခန့်ကို ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းတို့က ကော်ဘရာစစ်ကြောင်းသင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုငွေ ၁၀သိန်း ပေးအပ်ခဲ့တဲ့အပြင် တဦးချင်း သစ္စာရေ တိုက်ကျွေးမှုပါ ပြုလုပ်ခဲ့ကြပါတယ်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဒေါ်ဖြူဖြူသင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး အိသဥ္စာမောင်နဲ့ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။