◼ဒေသခံ (၄) ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိ
ဆောမြို့နယ် ညောင်ကန် ရွာကို ဒီဇင်ဘာ (၂၆)ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၄) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာလေယာဉ် တစီးနဲ့ နှစ်ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး လက်နက်ကြီးတွေနဲ့ပါ စစ်ကောင်စီက ပစ်ခတ်ခဲ့တာပါ။
Photo – VIVA La Revolution (ယောအလင်းတန်း)| လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်ညောင်ကန်ရွာမြင်ကွင်းများ ။
နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တဲ့အတွက် ရွာသူရွာသားများမှာလည်း နေစရာ မရှိဖြစ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လက်ရှိအချိန်တွင် ဒေသခံပြည်သူတွေအတွက် နေစရာ အိမ် ၊ အဝတ်အစား နှင့် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံအဖွဲ့များထံကတဆင့် သိရပါတယ်။