◼ ရုပ်ရှင်မှာ ပါဝင်ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံခဲ့
ဒီဇင်ဘာ (၂၅) ရက် ခရစ်စမတ်နေ့ ညချမ်းအချိန်တွင် ဒါရိုက်တာ ကိုပေါက်ရဲ့ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို လွတ်မြောက်နယ်မြေတွင် ပထမဆုံးပြသခဲ့ပေးခဲ့တယ်လို့သိရပါတယ်။
အဲဒီ ဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့ ရဲဘော်တွေကို ဒါရိုက်တာ ကိုပေါက်က “အေးအတူပူအမျှ” ၊ “ကြိုးကြာသံ” အစရှိတဲ့သီချင်းတွေနဲ့ ဖျော်ဖြေ ပေးခဲ့ပြီး ရဲဘော်များကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
CDM အဖွဲ့များကိုလည်း ဗလာမပါကံစမ်းမဲများဖောက်ပေးခဲ့ပြီး အားလုံးနဲ့ အတူ ဂုဏ်ပြုညစားစားပွဲကို ခရစ်စမတ်ညချမ်းအချိန်မှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
ဇာတ်ကားဖြစ်တည်ရာ ဒေသက တိုင်းရင်းသားလက်နက်ကိုင်များ ၊ PDF ရဲဘော်များ နဲ့ စစ်တပ်နဲ့ ရဲ အဖွဲ့တို့က CDM ပြုလုပ် ခဲ့သူများကို အမဲသား၊ဝက်သား၊ပဲဟင်း၊ငပိရည်တို့စရာများ စုံလင်သော ညစာဖြင့် ဧည့်ခံကျွေးမွေးခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် ဒီဇင်ဘာ (၂၆) ရက် ည မှာတော့ ကရင်အမျိုးသားအစည်းအရုံး ဗဟိုတွင် သင်တန်းတက်နေတဲ့ မျိုးဆက်သစ်ကျောင်းသားများနဲ့ ဒါရိုက်တာကိုပေါက်တို့ ရင်းရင်းနီးနှီးတွေ့ဆုံစကားပြောခဲ့ကြပြီး မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ထပ်မံပြသပေးခဲ့တယ်လို့သိရပါတယ်။
ဒါရိုက်တာ ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းဟာ ဆိုရင် CDM ဗိုလ်ကြီးတဦးရဲ့ အဖြစ် အပျက်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး တောတွင်းတနေရာမှာ အိုင်ဖုန်းတလုံးတည်းနဲ့ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
တော်လှန်ရေးအတွက် တထောင့်တနေရာကနေ ပါဝင်လာခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ကမ္ဘာ့နိုင်ငံ အသီးသီးက ရုပ်ရှင်ရုံတွေမှာ အောင်ပွဲ အလီလီ ရရှိခဲ့ပြီး တော်လှန်ရေး ရန်ပုံငွေ အတွက်လည်း များစွာအထောက် အကူ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုဆိုရင် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဟာ မြန်မာပြည်အစွန်အဖျားတနေရာ က ဒါရိုက်တာ ကိုပေါက်ရဲ့ ထိမိတဲ့ အနုပညာ လက်ရာတွေနဲ့ အတူ လွတ်မြောက်နေမြေတနေရာမှာ ပထမဦးဆုံးပြသနိုင်ခဲ့တဲ့ တော်လှန်ရေး ရုပ်ရှင် ကားတခု အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီလို့ ဆိုရတော့မှာ ပဲဖြစ်ပါတယ်။