အကြမ်းဖက် စစ်အုပ်စုက နှစ်ကြိမ်တိုင်တိုင် မီးရှို ခံခဲ့ရတဲ့ ရေစကြိုမြို့နယ်က ဗြိဘရွာမှာ ပြန်လည် ထူထောင်ရေး အတွက် အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။
ဗြိဘရွာကို ဇူလိုင်(၂)ရက် နဲ့ ဒီဇင်ဘာ (၁၈)ရက်တို့က မီးရှို ခံခဲ့ရတာဖြစ်ပါတယ်။
ဇူလိုင် ၂ ရက် မနက် ပိုင်းက ဗြိဘရွာကိုစစ်ကောင်စီ တပ်က မီးရှို့ပြီးနောက်ဒေသခံကာကွယ်ရေးတပ်နဲ့ မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်ကလည်း ဒေသခံကာကွယ်ရေးတပ်တွေက စစ်အုပ်စု ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ခဲ့တာပဲ ဖြစ်ပါတယ်။
အခုအခါဒေသခံများ အနေနဲ့ စားဝတ်နေရေး
အခက်ခဲများစွာဖြစ်ပေါ်နေပြီး အကူအညီများ အရေးပေါ်လိုအပ်နေတာပဲဖြစ်ပါတယ်။
ဗြိဘရွာဟာ အိမ်ခြေ ၅၀၀ကျော်ရှိပြီး လူဦးရေ ၃၀၀၀ကျော်နေထိုင်တဲ့ရွာကြီးတရွာလည်းဖြစ်ပါတယ်။
ဗြိဘရွာအနီးနားက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ထားတဲ့ အတွက် ကျေးရွာအချင်းချင်းပြန်လည်ကူညီဖို့လည်း အခက်ခဲတွေများစွာဖြစ်ပေါ် နေတာပဲ ဖြစ်ပါတယ်။