ရေးမြို့နယ် ကျောင်းရွာဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ကားကို ဒီဇင်ဘာ (၂၇)ရက် မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
အဲဒီပစ်ခတ်မှုမှာ စကစ တပ်သား ၂ ဦး သေဆုံးပြီး ကားကတော့ မောင်းပြေးသွားတဲ့အတွက် လက်နက်တွေ မရလိုက်ပါဘူး။
ရေးဘီလူးအဖွဲ့က ပစ်ခတ်လိုက်တဲ့ စစ်ကားဟာ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်က ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ ဒီထက်ကောင်းမယ့် မစ်ရှင်တွေ ထပ်လာဦးမှာဖြစ်တယ်လို့လည်း ရေးဘီလူး အဖွဲ့ က ထုတ်ပြန်ထားပါတယ်။