စစ်ကောင်စီ တပ်ကို သုံးရက် အတွင်း ခြုံခိုတိုက်ခိုက်ခဲ့ကြရာ (၃) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ (၅) က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ(၂၅) ရက်က အကြမ်းဖက် စစ်ကောင်စီရဲ့ ရဟတ်ယာဉ် (၂)စီး လယ်တိုးစခန်းကို လာရောက်၍ တစီးက လမ်းရှင်းပစ်ခတ်နေချိန် အခြားတစီး မြေပြင်သို့ အဆင်းမှာ တပ်မဟာ (၅) ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ကြတာပါ။
ကတိုင်တိကနေ ကမမောင်းကို ပြန်ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ကိုလည်း KNLA တပ်မဟာ(၅) အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ပါသေးတယ်။
လူသောမြို့နယ် ကူဒေးဒေသက အကြမ်းဖက် စစ်ကောင်စီတပ်ကိုလည်း KNLA တပ်မဟာ (၅)က တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်တပ်က (၁)ဦးသေ (၁) ဦးဒဏ်ရာရရှိခဲ့ပါတယ်။
လူသောမြို့နယ် အကြမ်းဖက်စစ်ကောင်စီရဲ့ ထော့မူပလယ်မဲ တပ်စခန်းကို ဒီဇင်ဘာ ၂၄ရက် နံနက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာ (၁)ဦး သေဆုံးခဲ့ပြီး ဘူးသိုမြို့နယ် လယ်တိုးတပ်စခန်းကိုလည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁)ဦး သေဆုံး၊ (၁)ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
KNU နယ်မြေ ဖာပွန်ခရိုင်မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်မဟာ(၅)တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။