ကိုးကန့်(MNDAA)တပ်ဖွဲ့ရဲ့ မုံးကိုးခရိုင် လိုင်ရင် ခံတပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီက Su-30 စစ်တိုက်လေယာဉ်နဲ့ ဒီဇင်ဘာလ ၂၆ ရက်၊ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ |The Kokang
ကိုးကန့်(MNDAA)ရဲ့ ခံတပ်ကို ဗုံးသီး (၁၀)လုံးခန့် နှစ်ကြိမ်တိတိ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ MNDAA ဘက်မှ (၁)ဦးကျဆုံးပြီး (၅ )ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Kokang သတင်းဌာန ကို ကိုးကားပြီး Wa Channel ကရေးသားထားတာတွေ့ရပါတယ်။