◼ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ရှိ အိမ်ခြေ ၂၉၀၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီးထား
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဘုရားထွက်ရွာနဲ့ ကြည်ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရွာပေါင်း အိမ်ခြေ ၇၀၀ ခန့်မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ | အဖြူရောင် DPY ပ.က.ဖ (အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရတဲ့ ဘရားထွက်ရွာနဲ့ ကြည်ရွာကို တွေ့ရစဉ်)
အင်အား ၆၀ ခန့်ပါဝင်တဲ့ တပ်ရင်း ၇၀၁ ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒီဇင်ဘာလအတွင်းမှာပဲ အိမ်ခြေ ၂၉၀၀ ကျော်ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက ဒီပဲယင်းမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ်ခြေပေါင်းဟာ ၄၂၀၀ ကျော်ခန့်ရှိပြီလို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ပါတယ်။