မြောင်မြို့နယ် ညောင်ကားယားကျေးရွာရှိ စစ်ဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာတွေ သွားရောက်ပေးပို့တဲ့ လမ်းကြောင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် ပ.က.ဖ အဖွဲ့ထံက သိရပါတယ်။
စားနပ်ရိက္ခာ ပိုတဲ့ လမ်းကြောင်းကို ၆၀ မမ နဲ့ ဒီဇင်ဘာ(၂၅)ရက်ကစပြီး ပစ်ခတ်တာကြောင့် ပ.ကဖ အဖွဲ့တွေ အမြန်လူစုခွဲကာ တိမ်းရှောင်ခဲ့ရပြီး အထိအခိုက် မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၆) နဲ့ (၂၇) ရက်ကလည်း စစ်ဘေးရှောင်များ ရှိရာနေရာများကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်နေတဲ့ကြားကပဲ မြောင် ၊ ရေစကြို ၊ချောင်းဦး နဲ့ မြင်းမူ မြို့တို့ ဒေသတွင်းပြည်သူ့ မဟာမိတ်တပ်ဖွဲ့တွေက စစ်ဘေးရှောင်ပြည်သူများထံ မရောက်ရောက်အောင် စွန့်စားကာ ထောက်ပံ့မှုတွေ ပြုလုပ်နေကြတာပါ။
ရေစကြို နဲ့ မြောင် မြို့နယ်တို့မှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို မြောင်လူငယ်ကွန်ရက်တွေ ဖြစ်တဲ့ YFC ၊ CDSOM၊ Pdf – Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။