စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒီဇင်ဘာ (၂၇) နဲ့ (၂၈) ရက် နှစ်ရက်အတွင်းမှာ ရွာ(၆)ရွာထက် မနည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေက ချောင်းဦးမြို့နယ်က ၀ယာ ကျေးရွာ ၊ ရွာသစ်ရွာ ၊ နဂါးဗိုလ် ရွာ ၊ ကုန်းသာကျေးရွာ ၊ တောကျောင်းလေးရွာ နဲ့ ထန်းတော့ကုန်း ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ချောင်းဦး (ပကဖ) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီလို မီးရှို့ဖျက်ဆီးတာကြောင့် ကျေးရွာနေဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ပျက်ဆီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရုံတင်မကဘဲ နေအိမ်တွေက ပစ္စည်းတွေကို ပါ အဓမ္မ ယူငင်သွားကြတာဖြစ်ပါတယ်။
လက်ရှိ အခြေအနေများအရ ဒေသခံများအနေနုဲ့ သက်ဆိုင်ရာ တော်လှန်ရေးအ ဖွဲ့တွေ ခွင့်မပြုဘဲ ရပ်ရွာထဲကို အရဲစွန့်ဝင်ရောက်တာတွေ မပြုလုပ်ကြဖို့ ချောင်းဦး (ပကဖ) အဖွဲ့ က ထုတ်ပြန်ထားတာပါ။
အခုလက်ရှိအချိန်ထိ စစ်ကောင်စီတပ်သားတွေ ဟာ ချောင်းဦး မြို့နယ် အမြင့်နဲ့ ကံကြီးကုန်းရွာတွေထဲမှာ ရှိနေသေးတဲ့အတွက် အခုလိုထုတ်ပြန်ထားရတာဖြစ်ပါတယ်။
ဒေသကာကွယ်ရေး အဖဲ့တွေဟာ ဒီဇင်ဘာ (၂၆) ရက်က ကံကြီးကုန်ရွာ က ပျူစခန်းနဲ့ အမြင့်ရဲစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။