Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စစ်အာဏာသိမ်းပြီးနောက် ကြပ်တည်းမှုကြောင့် တလလျှင် ပြည်သူလေးသောင်းခန့် ပြည်ပသို့ထွက်ခွာနေရ

Share this News:

စစ်အာဏာသိမ်းတဲ့အချိန်ကစတင်ပြီး ပြည်တွင်းမှာ လူထုဟာ အကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပြီး နိုင်ငံရပ်ခြားကို တလကို လူ လေးသောင်းလောက် အထိ ထွက်ခွာနေကြတယ်လို့ International Organization for Migration (IOM) က ဒီဇင်ဘာ (၂၈) ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားတယ်လို့သိရပါတယ်။

အဲဒီလို မဆင်မခြင် အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ နိုင်ငံအတွင်းလုံခြုံမှု မရှိတော့ခြင်း ၊ တိုင်းပြည် စီးပွားရေးကျဆင်းလာခြင်း ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စွန့်ခွာလာခြင်း ၊အလုပ်အကိုင်အခွင့်အလမ်းများရှားပါလားကာ အလုပ်လက်မဲ့ဦးရေတိုးလားခြင်း နဲ့ အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ လုပ်ငန်းတွေ ပပျောက်လာခြင်း တွေဖြစ်ပေါ်လာရတာဖြစ်တယ်လို့ အစီရင်ခံစာ ရေးသားတင်ပြထားပါတယ်။

Photo – CJ | အကြမ်းဖက်စစ်တပ်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူများ

အဲဒီ အစီရင်ခံစာမှာ ကိုဗစ် ကြောင့် စီးပွားရေးကျဆင်းတာတွေ ၊ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းတဲ့အတွက် နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်ပေါ်ပြီးတော့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ၊ စစ်ဘေးရှောင်တွေ အဖြစ် ပြေးနေရသူတွေ ၊ ပြည်ပ နိုင်ငံတွေမှာ ခိုလှုံနေရသူတွေ စတဲ့ အရေအတွက်တွေဟာ တလကို လေးသောင်းလောက် အထိ ရှိနေတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။

အခုလို ဖြစ်ရပ်တွေဟာ လူကုန်ကူးမှုကို တွန်းအားပေးရာရောက်ပြီး အကြမ်းဖက်စစ်ကောင်စီက လူသားချင်းစာနာမှု အဖွဲ့တွေ အပေါ်မှာလည်းပိုမိုတင်းကျပ်လာနိုင်တယ်လို့ IOM အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။