◾စစ်ဘေးရှောင်တသောင်းဝန်းကျင်ခန့် တောတောင်ထဲ တိမ်းရှောင်နေကြရ
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက်တဲ့အတွက် မော်လိုက်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
မော်လိုက်မြို့နယ်ကို ကုန်းကြောင်း ၊လေကြောင်းတွေနဲ့ ဒီဇင်ဘာ (၂၀) ရက်မှာ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ရွာပေါင်း (၁၃)ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
မော်လိုက်ဒေသဟာ အင်တာနက် နဲ့ ဖုန်းလိုင်းအဆက်သွယ်တွေကိုလည်း ဖြတ်တောက်ခံထားရတဲ့ဒေသပါ။
လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ တသောင်းခွဲဟာ တောတောင်တွေထဲမှာ ဒုက္ခမျိုးစုံနဲ့ ဖြစ်သလိုတိမ်းရှောင်နေရတဲ့အတွက် နေစရာ၊ စားစရာနဲ့ အဝတ်အထည်တွေပါ လိုအပ်လို့နေတယ်လို့ သိရပါတယ်။