နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်း စစ်ကောင်စီရဲ့ မတရားသဖြင့် စွပ်စွဲလုပ်ကြံဖန်တီးထားတဲ့အမှုတွေနဲ့ ထောင်ဒဏ်(၇)နှစ် ဒီဇင်ဘာ ၃၀ ရက်မှာ ထပ်မံချမှတ်လိုက်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြစ်ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ NLD အစိုးရလက်ထက်က ရဟတ်ယာဉ် ငှားတဲ့အမှု (၃) မှုနဲ့ ပြုပြင်ထိန်းသိမ်းတဲ့ (၁)မှု စုစုပေါင်းလေးမှုအတွက် တပေါင်းတည်း (၃) နှစ်၊ ရဟတ်ယာဉ် အသစ်တစ်စီး ဝယ်တဲ့အမှု(၁)ခုအတွက် (၄) နှစ် စုစုပေါင်း (၇) နှစ်တတိတိကို မတရားသဖြင့် ပြစ်ဒဏ်ထပ်မံချမှတ်ခဲ့တာပါ။