Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်ကောင်စီရဲ့ တရားရုံးအသီးသီးက အမိန့်တွေဟာ မူလကပင် ပျက်ပြယ်ကြောင်း NUG အစိုးရထုတ်ပြန်

Share this News:

◼အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိအောင်နဲ့  ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေတဲ့ အလေ့အထ(Impunity)ကို အဆုံးသတ်စေမည်ဟု ကတိပြု

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး NUG အစိုးရက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်ချမှတ်တဲ့အပေါ်  NUG အစိုးရက ဒီဇင်ဘာ (၃၁) ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် ချမှတ်တဲ့ တရားရုံးအသီးသီးရဲ့ အမိန့်တွေက မူလကပင် ပျက်ပြယ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉) ရက်စွဲနဲ့ ကြေညာချက်အမှတ် (၁၃/၂၀၂၁) ကို ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။

NUG အစိုးရအနေနဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရသူတွေ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ခံရသူတွေ  သတ်ဖြတ်ခံသူတွေ နဲ့ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံရသူများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိအောင်နဲ့  ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေတဲ့ အလေ့အထ(Impunity) ကို နောင်တွင်မဖြစ်ပေါ်အောင် အဆုံးသတ်စေရေး တို့ကို မမေ့မလျော့နှလုံးသွင်းပြီး တော်လှန်ရေးအောင်မြင်ပြီးမြောက်တဲ့အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ထုတ်ပြန်ဖော်ပြ ထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

289
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။