Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ပြည်သူလူထုရဲ့ အဆက်မပြတ်ထောက်ပံ့လှုဒါန်းမှုကြောင့် မျှော်လင့်တာထက် သာလွန်တဲ့ ရန်ပုံငွေ ပမာဏတစ်ခုကို ရရှိထားပြီး လက်နက်အင်အားကို အဆက်မပြတ် ဖြည့်ဆည်းလျက်ရှိဟုဆို

Share this News:

တော်လှန်ရေးမှာ အကြမ်းဖက်စစ်ကောင်စီကို ချေမှူန်းအနိုင်ယူနိုင်တဲ့ လုံလောက်တဲ့အင်အားရှိပြီး ဖြစ်လို့ ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးအဖြတ်ရယူရမယ့်နှစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဇန်နဝါရီ(၁)ရက် နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်


ရန်ပုံငွေအင်အား အနေနဲ့လည်း ပြည်သူလူထုရဲ့ အဆက်မပြတ်ထောက်ပံ့လှုဒါန်းမှုကြောင့် မျှော်လင့်တာထက် သာလွန်တဲ့ ရန်ပုံငွေ ပမာဏတစ်ခုကို ရရှိထားပြီး ဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ PDF တပ်ရင်းတိုင်းကို လက်နက်တပ်ဆင်ပေးနိုင်ဖို့ ပကဖတွေကိုလည်း ထိုက်သင့်တဲ့လက်နက် တိုးချဲ့တပ်ဆင်ပေးဖို့ အစဥ်တစိုက် စီစဥ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်များက One Year Plan ကို ရေးဆွဲအကောင်ထည်ဖော်လျက်ရှိပြီး ပြည်သူ့ တော်လှန်ရေးအတွင်း အသက်နဲ့ဘဝတွေကို စွန့်လွှတ်ထားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရင်းနှီးပေးဆပ်မှုတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ဂုဏ်ပြုဦးညွှတ်တယ်လို့လည်း ဝန်ကြီး ဦးရည်မွန် ကပြောကြားထားတာ တွေ့ရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။