◼၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရဟာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနဲ့ ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှုများကို ခိုင်မာကောင်းမွန်စွာ ဆောင်ရွက်လာနိုင်။
◼ နိုင်ငံတကာစာမျက်နှာကို ကြည့်မယ်ဆိုရင်လည်း စစ်အုပ်စုဟာ အရှုံးကြီးရှုံးနိမ့်နေပြီး NUG နဲ့ တော်လှန်ရေး အင်အားစုတွေကတော့ နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့ အားပေးထောက်ခံမှုနဲ့ ဝန်းရံအားပေးမှုတို့ကို ရရှိနေပြီဖြစ်။
◼ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့ စစ်ကောင်စီက တင်သွင်းတဲ့ကိုယ်စားလှယ်ကို ပယ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပြီး သမိုင်းတလျောက် ပထမဦးဆုံးအနေနဲ့ မြန်မာအရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ချမှတ်နိုင်ခဲ့တာက စစ်အုပ်စုကို ကာကွယ်ပြောဆိုပေးမယ့်လူ နိုင်ငံတကာမှာ ဘယ်သူမှ မရှိတော့ဘူးဆိုတာ အထင်းသားပေါ်လွင်နေ။
◼အာဆီယံက အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင်တွေနဲ့ သူရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကို ဖယ်ကျဥ်ထားပြီး စစ်အုပ်စုကို လိုအပ်ရင် လိုအပ်သလို ဆက်လက်ဖယ်ရှားမှုတွေ လုပ်မယ်လို့ ချမှတ်ထားကြတာက စစ်အုပ်စုဟာ တစတစ ပိုမိုအထီးကျန်ဆန်လာပြီး အခြေအနေ ပိုမိုဆိုးရွားလာတယ်ဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့နိုင်။
◼အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်တဲ့ NDAA ဥပဒေမှာ Burma Act ကို ထည့်သွင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ NUG/NUCC/ CRPH/ EROs နှင့် CDM/ PDF တို့ကို အကူအညီပေးဖို့ အတည်ပြုလိုက်ပြီဖြစ်။
◼ယခုလိုမျိုး တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အဖက်ဖက်က အသာစီးရယူနေချိန်မှာ စစ်ကောင်စီဟာ ထွက်ပေါက်မရှိတော့လို့ အတုအယောင် ရွေးကောက်ပွဲကို ဖန်တီးပြီးတော့ ထွက်ပေါက်ရှာနေသဖြင့် စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး တိုင်းရင်းသားပြည်သူတရပ်လုံး ဆက်လက်အားထည့် တော်လှန်ကြဖို့ လို။
◼စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခုခံတော်လှန်ရာမှာ ကြံ့ကြံ့ခံ နိုင်မှု (Resilience) က အင်မတန်အရေးကြီးပြီး အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ခြေကုန်လက်ပန်းကျလာမယ့်အချိန်ကို စောင့်နေတာမို့ အားလုံးက တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပြီး ဆက်လက်ကြိုးစားလုပ်ဆောင်ရမှာဖြစ်။
◼ စစ်အုပ်စုနဲ့ သူတို့ရဲ့ လော်ဘီတွေဟာ မမှန်မကန်သတင်းတွေ၊ မဟုတ်မမှန် ဝါဒတွေကို ဖြန့်ပြီး တော်လှန်ရေး အင်အားစုအချင်းချင်းကြားမှာ ဝါဒတွေဖြန့်ပြီး သွေးခွဲနေ။
◼တော်လှန်ရေး အင်အားစု အချင်းချင်းတွေကြား အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေအစား၊ ကွဲပြား စေမယ့် သတင်းစကားတွေကိုလည်း သတိထားရှောင်ကျဥ် ရမှာဖြစ်။
◼တော်လှန်ရေးရဲ့ အောင်မြင်မှုသော့ချက်ဟာ တော်လှန်ရေးအင်အားစုနဲ့ ပြည်သူလူထုအားလုံးရဲ့ စည်းလုံးညီညွတ်မှုအပေါ်မှာ ရာနှုန်းပြည့် တည်မှီနေ။
◼ဒီတော်လှန်ရေးဟာ တိုင်းရင်းသားပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစုအားလုံး ညီညီ ညွတ်ညွတ် ဆင်နွှဲနေကြတဲ့ တိုက်ပွဲမို့ အောင်မြင်ကို အောင်မြင်ရမယ်လို့ လုံးဝ ယုံကြည်၊
◼၂၀၂၃ ခုနှစ်ဟာလည်း ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးကံကြမ္မာ အလှည့် အပြောင်းအတွက် အရေးကြီးတဲ့ နှစ်တစ်နှစ် ဆိုတာကိုလည်း လုံးဝ ယုံကြည်သဖြင့် NUG နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အား စုများနဲ့ ပြည်သူတရပ်လုံး အင်တိုက်အားတိုက်နဲ့ နှစ်သစ်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲကြဖို့ တိုက်တွန်း။