Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ရေစကြိုမြို့ပေါ်တွင် စစ်အုပ်စုနှင့် PDF တို့ တိုက်ပွဲဖြစ်ပွား ၊ စစ်အုပ်စု ဘက်က (၄)ဦးသေဆုံး

Share this News:

ရေစကြိုမြို့ပေါ် အမှတ် (၁)ရက်ကွက် ကပ်ကျော်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဲဒီလိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က (၄)ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သလို စစ်အုပ်စုက ပြန်လည်ပစ်ခတ်တဲ့အတွက်လည်း ပြည်သူနှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။

Photo | စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် MBTရဲဘော်များအား တွေ့ရစဥ်။

ရေစကြိုမြို့ပေါ် ရှိ စစ်ကောင်စီတပ်စခန်းတွေက လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်တွေ ကို ထိမှန်လာပြီး ပြည်သူထိခိုက်နိုင်တဲ့အတွက် အပစ်ရပ်ကာ ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့Tiger (MBT) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှု့ကို ဇန်နဝါရီ (၁)ရက် က ပြုလုပ်ခဲ့တာဖြစ်ပြီး Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

337
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။