စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေနဲ့ မူဝါဒချမှတ်ပြီးနိုင်ငံရေးအင်အားစုအသီးသီးနဲ့ တန်းတူညီမျှလက်တွဲကာ ဆောင်ရွက်လျက်ရှိတယ်လို့ နှစ်သစ်ကူးဆုတောင်းသဝဏ်လွှာမှာ ရေးသားထားပါတယ်။
ဒါအပြင် ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရတဲ့ ယနေ့ကာလမှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ချမှတ်ထားတဲ့မူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာမှာ ကျရာတာဝန်တွေကို ဦးလည်မသုဉ် ထမ်းရွက်လျက်ရှိတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။