အကြမ်းဖက်စစ်တပ်က ၂၀၂၂ ခုနှစ် တနှစ်တာအတွင်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၄၁၃၅၅ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန မီးသတ်ဦးစီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တစ်နှစ်တာအတွင်းမှာ နိုင်ငံအနှံ့ အမှုပေါင်း (၁၀၅၈)မှု ကိုကျူးလွန်ခဲ့ပြီး ၊အရပ်သားပြည်သူလူနေအိမ်ပေါင်း ၄၁၃၅၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရအမှု ၆၉၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၃၁၄၀၀ ကျော်၊ မကွေးတိုင်းမှာ မီးရှို့ခံရအမှု ၂၁၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၈၅၀၀ ကျော် ၊ မန္တလေးတိုင်းမှာ မီးရှို့ခံရအမှု ၂၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၄၈၀ ကျော်၊ ကချင်ပြည်နယ်မှာ မီးရှို့ခံရအမှု ၁၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၂၅၀ ကျော်၊ ချင်းပြည်နယ်မှာ မီးရှို့ခံရအမှု ၂၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၂၅၀ ကျော်၊ ကရင်ပြည်နယ်မှာ မီးရှို့ခံရအမှု ၂၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၁၂၀ ကျော်၊ ကယားပြည်နယ်မှာ မီးရှို့ခံရအမှု ၂၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၁၂၀ ကျော်၊ တနင်္သာရီတိုင်းမှာ မီးရှို့ခံရအမှု ၂၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၈၅ ကျော်၊ ပဲခူးတိုင်းမှာ မီးရှို့ခံရအမှု ၁၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၆၅ ကျော်၊ ရှမ်းပြည်နယ် မှာ မီးရှို့ခံရအမှု ၁၃ မှုနဲ့ မီးလော င်ပျက်စီးနေအိမ် ၆၀ ကျော်၊ မွန်ပြည်နယ်မှာ မီးရှို့ခံရအမှု ၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၂၅ ကျော်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေက လွတ်လပ်တဲ့ မီဒီယာတွေ၊ အရပ်ဖက် ပြည်သူ့အဖွဲ့အစည်းတွေနဲံ လူထုက ပေးပို့လာတဲ့ မြေပြင်အချက်အလက်တွေကို စိစစ်ပြီး ဖော်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar
English