မြန်မာ့အရေးအာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် တတိယခရီးစဉ် စီစဉ်ထားတာ ပျက်သွားပါပြီ။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း အနေနဲ့ ဘရပ်ဆဲမှာ ကျင်းပမယ့် ထိပ်သီးညီလာခံတခုကို ဒီဇင်ဘာ ၁၄ ရက်မှာ တက်ရောက်ဖို့ရှိတာကြောင့်လို့ ဆိုပါတယ်။
၂၀၂၃ မှာ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးကို ဘယ်လိုပုံစံနဲ့ ဆက်လက်ကိုင်တွယ်မလဲဆိုတဲ့အပေါ်လည်း နိုင်ငံတကာက စိတ်ဝင်စားလျက်ရှိပါတယ်။
ဘုံ(၅)ချက်ကို အကောင်အထည်မဖော်တဲ့အပြင် ယခုရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသား(၇)ဦးကိုပါ ထပ်မံပြီး သေဒဏ်ချမှတ်လိုက်တာက အာဆီယံ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ တတိယခရီးစဉ်ကို ပျက်စီးသွားစေတယ်လို့လည်း မြန်မာ့အရေးလေ့လာသူအချို့က သုံးသပ်ကြပါတယ်။