ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၈ တပ်ရင်းက (၀က်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု) နယ်မြေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ကျေးရွာတွေကို ဇန်နဝါရီ ၁ ရက်နဲ့ ၂ ရက်တို့ မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တာပါ။
တပ်ရင်းမှူးဗိုလ်စွန်ရဲ၊ တပ်ရင်း ဆေးတပ်ဖွဲ့နဲ့ မြို့နယ်ကျန်းမာရေး တာ၀န်ခံ များ၊ မြို့နယ်လူသားစာနာတာ၀န်ခံများ၊ ရပ်/ကျေး ပအဖ၊ ပကဖ၊ ပလဖ များပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးရန်လိုအပ်နေတဲ့ လူနာ ၁၉၅ ဦးကို ကျန်းမာရေး စောင့်ရှောက် ကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။