ထားမြို့နယ်ရှိ PDF တပ်ဖွဲ့များနဲ့ People Medical Team(Dawei,ပကဖ)တို့ ပူးပေါင်း၍ ဥဩစစ်ကြောင်းတွင် အရေးပေါ်ဆေးကုခန်းနဲ့ အရေးပေါ်ခွဲစိတ်ခန်းကို စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။




စစ်ပွဲဖြစ်ပွားတဲ့ချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ကျန်မာရေးဆိုင်ရာလိုအပ်ချက်တွေကို အချိန်မီ ကုသနိုင်ဖို့ အရေးပေါ်ဆေးကုခန်း နဲ့ ခွဲစိတ်ခန်းတွေ မရှိတဲ့အတွက် အသက်အန္တရာယ်နဲ့ မကြာခဏ ရင်ဆိုင်ရလေ့ရှိပါတယ်။
ဒါကြောင့် အရေးပေါ်ဆေးကုခန်းနဲ့ အရေးပေါ်ခွဲစိတ်ခန်းကို ထားဝယ်မြို့နယ်ရှိ စစ်ဘေးသင့်ဒေသခံပြည်သူများနဲ့ PDF ပူးပေါင်းစစ်ကြောင်း (၁၁)ခုစာအတွက် ရည်ရွယ်၍ စတင်ဖွင့်လှစ်ခဲ့တာလို့ တောင်ပိုင်းစစ်ဒေသက ဖော်ပြထားပါတယ်။

Myanmar
English