ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံအလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ဖို့ ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှုကို စင်ကာပူနိုင်ငံက တရားဝင် ကန့်ကွက်စာထုတ်ခဲ့တယ်လို့ Asia News Network ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
“အာဆီယံအတွင်း ခေါ်ယူကျင်းပတဲ့ ဘယ်လိုအစည်းအဝေးမျိုးမဆို တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ ၊ ဖိတ်ကြားမှုမပြုတဲ့ဆုံးဖြတ်ချက်ကနေ သွေဖယ်တာမျိုး မလုပ်သင့်ပါ” ဆိုပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အကြောင်းပြန်ခဲ့တာပါ။
ထိုင်းနိုင်ငံ က တာဝန်ယူပြီး ပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံ တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခြင်း မရှိခဲ့သလို ဘာရလဒ်မှ ထွက်ပေါ်ခဲ့တာ မရှိပါဘူး။