၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မယ့် စီမံချက်တွေနဲ့ စစ်ရေးကိစ္စရပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့ ဇန်နဝါရီ (၅)ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)ကို တပ်ရင်း ၅ ရင်းနဲ့ စုဖွဲ့ထားရှိပြီး တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ဖို့လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။