Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ချောင်းကြီးရွာရဲစခန်းကို ပြင်ဦးလွင်ခရိုင် PDF ပူးပေါင်းတပ်တွေ ဝင်စီးပြီး စစ်ကူကားတွေကိုပါ မိုင်းဆွဲတိုက်ခိုက်သဖြင့် စကစ (၆)ဦးခန့်သေဆုံး

Share this News:

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာနယ်မြေ ရဲစခန်းကို ပြင်ဦးလွင်ခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၄ ရက်၊ ည ၈ နာရီ ၄၅ မိနစ်ခန့်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။


ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင် ပကဖ)၊ စဥ့်ကူးမြို့နယ်(ပကဖ) နဲ့ Nine PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ဓါတ်ပုံ | မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ (၃)ဦး သေဆုံးခဲ့ပြီး စစ်ကူထွက်လာတဲ့ ဇရပ်ကွင်းကျေးရွာက စစ်ကောင်စီ တပ်ရဲ့ကား၂ စီးကို ဆင်မွှေးကျေးရွာနဲ့ လိပ်ကျကျေးရွာကြားမှာ ပဒေသာမိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရပြီး စစ်ကူကားတွေလည်း ပြန်လှည့်သွားခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာဘက်က အကြမ်းဖက်စစ်ကောင်စီရဲ့ စက်လက် သေနတ်တပ်ဆင်ပြီး မီးမှိတ်မောင်းလာတဲ့ကားတစီးကိုလည်း ချောင်းကြီးကျေးရွာ နယ်ခြားမှတ်တိုင်မှာ ပဒေသာမိုင်း ၆ လုံးနဲ့ ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး‌ပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စဥ့်ကူးမြို့နယ်ပင်လယ်ကြီး စစ်ကောင်စီဂိတ်က ၆ ဘီးကား၂ စီးနဲ့ စစ်ကူထပ်ထွက်လာတာကြောင့် ပူးပေါင်းရဲဘော်တွေအားလုံး အထိခိုက်မရှိ အောင်မြင်စွာဖြင့် ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။