မကွေးတိုင်း၊ မြိုင်မြို့အဝင် မြောက်ဘက်နဲ့ အနောက်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို မြိုင် PDF က လက်နက်ကြီးတွေနဲ့ ဇန်နဝါရီ (၅)ရက်၊ ညနေ (၄)နာရီခန့်မှာ တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စကစရဲ့ စစ်သားနဲ့ ရဲ (၂)ဦး သေဆုံးပြီး (၅)ဦးခန့် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြာချိန်မှာ (၁၅)မိနစ်ခန့်သာ ရှိပြီး PDF ရဲဘော်တွေအနေနဲ့ အထိအခိုက် မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။