Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ပုသိမ်ထောင်တွင်း အကြမ်းဖက်သတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး စုံစမ်းသိရှိထားသမျှ မှတ်တမ်းတွေကို UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့၍ အရေးယူဖို့ NUG စီစဥ်လျက်ရှိ

Share this News:

ပုသိမ်ထောင်ဝန်ထမ်းတွေရဲ့ အကြမ်းဖက်မှုကြောင့် မတရား ဖမ်းဆီး အကျဉ်းချခံနေရတဲ့ ပြည်သူတဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ (၇၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ၊ (၁)ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

သေဒဏ်ချမှတ်စီရင်မှုနဲ့ ပတ်သက်ပြီး ထောင်တွင်း ဆန္ဒဖော်ထုတ်မှုကို ဇန်နဝါရီလ (၅) ရက် ည (၁၁) နာရီခန့်မှာ ပြုလုပ်ခဲ့တာ​ကြောင့် (၈)ဦးကို ရိုက်နှက်နှိပ်စက်ခဲ့ပြီး (၇)ဦးကို တိုက်ပိတ်ခဲ့တယ်ဆိုပေမဲ့ အဲဒီအထဲမှာ ကိုဝင်းမင်းထက်ဟာ ပျောက်ဆုံးနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနက ဆိုပါတယ်။

ဇန်နဝါရီလ (၇) ရက်က အင်အား (၅၀)ခန့်ရှိတဲ့ ထောင်ဝန်ထမ်းတွေက မတရားဖမ်းဆီး အကျဉ်းချခံထားရသူတွေကို ဝင်ရောက် အကြမ်းဖက်နှိပ်စက်ခဲ့ကြပြီး ပစ်ခတ်မှု ကြောင့် ကိုဝေယံဖြိုး အသက်ဆုံးရှုံးခဲ့ရသလို ကျန်တဲ့ပြည်သူ (၉) ဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ထောင်တွင်းအကြမ်းဖက်မှုတွေမှာ ထောင်ဝန်ထမ်း မဟုတ်တဲ့ အကျဉ်းချခံထားရသူ အယောက် (၂၀) လောက်က ပါဝင်ကျူးလွန်ခဲ့ကြတာကို စုံစမ်းသိရထားပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဆီ မှတ်တမ်းပေးပို့ကာ အရေးယူဖို့ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။