Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ကော့ကရိတ်(၁၃)ရက်ကြာ တိုက်ပွဲအတွင်း စကစဗိုလ်မှူး(၂)ဦး အပါအဝင် (၄၈)ဦး သေဆုံးပြီးသံချပ်ကာကား(၂)စီးကို ကော်ပရာစစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့

Share this News:

◼စကစဘက်မှ (၆၁)ဦး ဒဏ်ရာရပြီး လက်နက်ခဲယမ်းများစွာ ကော်ပရာစစ်ကြောင်းက သိမ်းဆည်းရမိ

(၁၃)ရက်ကြာ ဖြစ်ပွားခဲ့တဲ့ကော့ကရိတ်၊ အာရှလမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး(၂)ဦး အပါအဝင် (၄၈)ဦး သေဆုံးကာ၊ (၆၁)ဦး ဒဏ်ရာရပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိတယ်လို့ ကော်ပရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ နယ်မြေခံတပ် ခလရ ၂၃၁၊ ခလရ ၂၃၀၊ ခလရ ၉၇၊ အမြှောက်တပ် ၅၄၇၊ တပ်မ(၄၄) လက်အောက်ခံ ခမရ ၉၊ ခလရ ၁၀၄၊ တပ်မ(၁၁) ထုတ်နုတ်အင်အား တို့က ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနဲ့ ကော့နွဲကျေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ ဒီဇင်ဘာ (၁၉)ရက်မှာ ကျူးကျော်ဝင်ရောက်လာကြောင့် လုံခြုံရေးယူထားတဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ ဒီဇင်ဘာ(၃၁) ရက်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။


KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး Cobra စစ်ကြောင်းက (၁၀)ဦး ဒဏ်ရာရ၊ (၁)ဦးကျဆုံးခဲ့သလို ဒေါနစစ်ကြောင်းမှ (၄)ဦးဒဏ်ရာရ၊ နဂါးဖြူစစ်ကြောင်းမှ (၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

MA3 (၂)လက်၊ MA2 (စက်ကလေး) (၁)လက်၊ ကျည်ဘောက် (၁၂)ဘောက်၊ ၄၀မမ ကျည် (၂၉)လုံး၊ ခြေနင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ RPGကျည် (၂)လုံး၊ ပို့ယမ်း (၃)တောင့်၊ ၆၀မမကျည် (၁)လုံး၊ အီနာဂါ (၁)လုံး၊ ၇.၆၂ကျည် (၆၅၀)တောင့် ၊ ၅.၅၆ကျည် (၅၆၅)တောင့်၊ ကျည်ကာခမောက် (၆)လုံး တို့ကို Cobra စစ်ကြောင်းမှ သိမ်းဆည်းရမိ၊ KNLA တပ်ရင်း(၁၈) မှ MA3 (၁)လက် တို့ကို အကြမ်းဖက်စစ်ကောင်စီထံက သိမ်းဆည်းရမိပြီးသံချပ်ကာကား (၂)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကော်ပရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
©The Voice of Spring

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

291
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။