Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

CDM နည်းပညာကျောင်းသားတွေကို NUG အစိုးရက အလုပ်သင်ဝန်ထမ်းအဖြစ် ခန့်အပ်သွားမည်

Share this News:

◼ NUG အစိုးရ နည်းပညာဝန်ကြီးဌာန နှင့် Quokka Studio တို့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်

CDM နည်းပညာကျောင်းသားတွေကို NUG အစိုးရ နည်းပညာ စီမံကိန်းတွေမှာ အလုပ်သင်ကျောင်းသားတွေအဖြစ် စိစစ်ခန့်အပ်ရေးအတွက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနအနေနဲ့ Quokka Studio နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

CDM နည်းပညာ ကျောင်းသားများ။

အဲဒီလို အလုပ်သင်ကျောင်းသားတွေ အဖြစ်စိစစ်ခန့်အပ်တဲ့အခါမှာ လုံခြုံရေး၊ အချက်အလက်စိစစ်ရေးနဲ့အရည် အချင်း အကဲဖြတ်ခြင်း လုပ်ငန်းဆိုင်ရာတွေကို ဦးစားပေးလုပ်ငန်းစဉ်အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာနနဲ့ Quokka Studio တို့က စနစ်တကျတာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

CDM နည်းပညာကျောင်းသားများ။

နည်းပညာ ကျောင်းသားကျောင်းသူတွေဟာ တော်လှန်ရေးကာလနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် အတွက် အဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တာကြောင့် အနာဂတ်မှာ နိုင်ငံတော်အတွက် လိုအပ်တဲ့ နည်းပညာအရင်းအမြစ်ရပ်ဝန်း တရပ်ပေါ်ပေါက်လာစေဖို့ အတွက် အခု နည်းပညာ အခြေပြု တော်လှန်ရေး ကာလအတွင်းက စတင်ပြီးတော့ အခြေခံ အုတ်မြစ်တည်ဆောက်သွားနိုင်ဖို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန က အကောင်ထည်ဖော်ဆောင်ရွက်နေတာပါ။

NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနဟာ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ နည်းပညာစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Quokka Studio အဖွဲ့ဟာ အတွေ့အကြုံရှိပြီး တက်ကြွသော လူငယ် လေ့လာသုံးသပ်သူများ ၊ စွန့်ဦးတီထွင်သူများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ စျေးကွက်ဆိုင်ရာ ဖန်တီးတီထွင်သူများ နဲ့ နည်းပညာဆိုင်ရာ လုပ်ဆောင်သူများတို့ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

291
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။