စစ်ကိုင်းတိုင်း၊ ကောလင်း PDF အမျိုးသမီး (၂)ဦး က ဇန်နဝါရီ (၇) ရက်၊ မနက် ၉ နာရီ ၁၅ မိနစ် အချိန်ခန့်မှာ ကောလင်း –
ဥက္ကံလမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရင်ဆိုင်တွေ့ခဲ့စဥ် အသင့်ပါလာတဲ့ လက်လုပ်မိုင်းနဲ့ အသေခံ မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ Kalawlin Revolution –KR ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
မစုစုရည်နှင့် မနှင်းဆီလှိုင်တို့ ဟာ မိုင်းထောင်ဖို့အတွက် မိုင်းကို ဆိုင်ကယ်နဲ့ သယ်လာစဉ်မှာပဲ စစ်ကောင်စီ ရှေ့ပွိုင့် စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး စစ်ဆေးခံနေရတုန်းမှာ အသေခံမိုင်းခွဲတိုက်ခိုက်သွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား အချို့ ဒဏ်ရာရရှိပြီး အချို့ သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
ကောလင်း PDF တွေဖြစ်ကြတဲ့ မစုစုရည် နှင့်မနှင်းဆီလှိုင်တို့ဟာ သာမာန်အရပ်သူတွေဖြစ်ပြီး မစုစုရည်ကတော့ ကောလင်းမြို့မှာ ကွမ်းယာရောင်းချသူ တဦးဖြစ်ပါတယ်။