အာဆီယံ ဘုံသဘောတူညီချက်(၅) ချက်ကို အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ အကောင်ထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှား နှစ်နိုင်ငံခေါင်းဆောင်တွေက ဇန်နဝါရီ (၉) ရက်မှာ ပူးတွဲ တိုက်တွန်းပြောကြားလိုက်တယ်လို့သိရပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို နဲ့ မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင် တို့ အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါမြို့ တွေ့ဆုံပွဲကနေ တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။
“ဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာဆောင်ရွက်ဖို့ အရေးကြီးတဲ့အပေါ် နှစ်နိုင်ငံလုံးက အမြင်တူညီတဲ့အတွက် အခုလို ပူးတွဲတိုက်တွန်းလိုက်တာပါ” လို့ အင်ဒိုသမ္မတ ဂျိုကိုဝီ က ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံကို ကတိပြုခဲ့ပေမဲ့ အကြမ်းဖက် စစ်ကောင်စီဟာ အာဆီယံဘုံ သဘောတူညီချက် (၅) ရပ်ကို အခုအချိန်ထိ အကောင်ထည်ဖော် ဆောင်ရွက်မှု မရှိသေးပါဘူး။