Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမှာ ဖြစ်ပြီး ချင်းလူမျိုးများရဲ့နာကြည်းမှု နဲ့ သန္နိဋ္ဌာန် ကို ပိုမိုအားသစ်လောင်းပေးရာရောက်ဟု ICNCC ထုတ်ပြန်[Update News]

Share this News:

ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ရဲ့ Camp Victoria စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းဟာ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ပြင်းထန်စွာရှုတ်ချလိုက်ကြောင်းကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဇန်နဝါရီ(၁၀)ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်ချက်။

အခုလို အကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမှာ ဖြစ်ပြီး ချင်းလူမျိုးများရဲ့နာကြည်းမှု နဲ့ သန္နိဋ္ဌာန် ကို ပိုမိုအားသစ်လောင်းပေးရာရောက်တဲ့အတွက် ချင်းလူမျိုးများ အနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို ဆက်လက် တွန်းလှန်ခုခံသွားမှာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ဖော်ပြထားတာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုများ။ Photo – The Chin Journal & CJ

ချင်းပြည်သူလူထုကိုလည်း လက်ရှိအချိန်ဟာ မိမိတို့ ချင်းလူမျိုးတို့သမိုင်းမှာ အလွန်အရေးကြီးတဲ့ အချိန်ကာလဖြစ်ပြီး ချင်းပြည်သူများနဲ့ တော်လှန်ရေးအင်အားစု အသီးသီးများဟာ စည်းလုံးညီညွတ်စွာနဲ့ အချင်းချင်းလက်တွဲ မဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင်ရောက်တဲ့အထိ ရရာနည်းလမ်းနဲ့ အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်သွားကြဖို့အလေးအနက် တိုက်တွန်း ပြောကြားထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲံရသည့် ချင်းဌာနချုပ်က ရဲဘော်များ။

တိုက်လေယာဉ် (၅) စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး ဌာနချုပ်က ရဲဘော်(၅) ဦး ကျဆုံး
ခဲ့ရတဲ့အပြင် ဗုံးတလုံးက အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ (၁၁) ရက် ညနေ (၄)နာရီအချိန် [– Update News–]

◼ချင်းအမျိုးသား တပ်ဦး ဌာနချုပ် လေကြောင်းဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ခံရ

◼တိုက်လေယာဉ် (၃) စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်

ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ရဲ့ Camp Victoria စခန်းကို အကြမ်းဖက် စစ်ကောင်စီက ဇန်နဝါရီ (၁၁) ရက် ညနေပိုင်း မှာ တိုက်လေယာဉ် (၃) စီး နဲ့ လေကြောင်းကနေ ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်လိုက်တယ်လို့သိရပါတယ်။

ချင်းတပ်ဦးဌာနချုပ် ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရသည့်မြင်ကွင်းများ ။ Photo – Chin World

အခု ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ထိခိုက်ပျက်စီးမှုကို တော့ အသေးစိတ်မသိရှိရသေးပါဘူး။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

270
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
256
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
338
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
173
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။