◼အသက်(၈၅) နှစ်အရွယ် အဘိုးနှစ်ဦး လည်း မီးရှို့သတ်ခံရ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အတွင်းက ရွာတွေရှိ ဒေသခံတွေ ရဲ့ နေအိမ်ပေါင်း (၃၇၀) ကျော်ကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီ (၃) ရက် ကနေ (၉) ရက်အထိ (၇) ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် (၈၅) နှစ်အရွယ် အဘိုးအို နှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒီပဲယင်းညီနောင်များ အဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက်စစ်တပ် ဟာ ဒီပဲယင်းနယ်ထဲက ယင်းရွာ ၊ စိုင်ပြင် ၊ ကြည်ရွာ ၊ ဘုရားထွက်ရွာ ၊ မကျည်းစောက် ၊ ဆပ်ပြာကျင်းရွာ ၊ ဘုတ်ရွာ ၊ ဝန်းရံရွာ ၊ အင်းတိုင်လေးရွာ နဲ့ ချောင်းနားရွာ တို့ ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ချောင်းနားရွာနဲ့ အင်းတိုင်လေးရွာက ပြည်သူ (၆) ဦးလည်း ပျောက်ဆုံးနေသေးတယ်လို့ ဒီပဲယင်း မြို့နယ် ညီနောင် များအဖွဲ့က ထုတ်ပြန်ထားပါတယ်။