ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ရဲ့ Camp Victoria စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် မှုကြောင့် ထိခိုက်ကျဆုံးခဲ့ရတဲ့သူတွေအတွက် ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ ဇန်နဝါရီ (၁၁) ရက် ဒီနေ့မှာ ဟားခါးမြို့ပေါ်က ဈေးဆိုင်တွေ နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ မဖွင့်ဘဲ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
ဟားခါးမြို့ပေါ်က ဈေးဆိုင်တွေ နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ မဖွင့်ဘဲ လှုပ်ရှားမှု ပြုလုပ်နေသည့်မြင်ကွင်းများ။
အဲဒီလှုပ်ရှားမှုကို Halkha Campaign For Justice page က ဦးဆောင်တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဟားခါးမြို့မှာရှိတဲ့ ဈေးဆိုင်တွေနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်နဲ့ ဆိုင်တွေကို ပိတ်ထားခဲ့ကြတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုအတွင်းမှာ CNA တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရသူ အချို့လည်းရှိခဲ့တယ်လို့သိရပါတယ်။